Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ထိုမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန် တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Nov 21,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား နို၀င်ဘာတတိယအပတ် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Nov 21,2022
ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီမှစ၍ နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
Nov 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နည်းပညာတက္ကသိုလ် စတင်ဖွင့်လှစ်သည့်နေ့၌ တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး…
Nov 21,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ နေပြည်တော်နည်းပညာ တက္ကသိုလ်၏ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ရာ နေပြည်တော်နည်းပညာတက္ကသိုလ်၌ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၌ မောင်မယ်သစ်လွင်နေ့ ကျင်းပ
Nov 21,2022
ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Nov 21,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၀)စုအနက် (၃၇)စုအား တတိယအကြိမ်အဖြစ် လစဉ်အလှည့်ကျ ဆန်၊ဆီ၊အဝတ်အထည်စားသောက်ကုန်များ ပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်၌ လယ်သီးထပ်ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချ ကိရိယာသုံး စိုက်ပျိုးမှုကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့မျာ…
Nov 21,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးဝင်းနိုင်၏ လယ်မြေကွင်းအမှတ် (၃၁၂)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်သီးထပ် ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချစက်ကိရိယာသုံး စိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17573
Page
17574
Page
17575
Page
17576
Current page
17577
Page
17578
Page
17579
Page
17580
Page
17581
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department