အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျော်ရည် ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2022
ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၇:၃၀ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 22,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဖြန့်ဖြူး ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၏ ကြီး​ကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေ သြဇာများအား အမှန်တကယ်လိုအပ်သည့် တောင်သူများ လက်ဝယ်သို့ စျေးနှုန်း သက်သာစွာ အခက်အခဲမရှိ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် Consortium အဖွဲ့ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆန်းသစ်အောင် ဓာတ်မြေသြဇာဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀၀၀ အား ယနေ့ နံနက် ၉ နာရီက စတင်ရောင်းချပေးလျက်ရှိသည်။
Jun 22,2022
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥတ္တခရိုင်ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉နာရီက ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ‌တွင်ကျင်းပခဲ့သည်။     
Jun 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပထမအကြိမ်မြောက်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်းသိရသည်။
Jun 22,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Jun 22,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က၊ မြို့အနောက်(ခ)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။