အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အချိန်စေ့လွန် ကြွေးကျန်များ လျော့နည်းကျဆင်းရေးနှင့် အချိန်စေ့ကြွေးများ ကျန်ရှိမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Nov 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁၄) လမ်းအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
Nov 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်နေ တောင်သူဦးမျိုးနိုင်၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း (၀.၁၀)ဧကခန့်အား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Nov 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။
Nov 22,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
Nov 22,2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းသားရိုးရာ အစားအစာပြပွဲကို ရှမ်းပြည်နယ်၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။