Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့နယ် မျောကုန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံတောအုပ်စု မျောက်ချောကုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ယမန်နေ့နံနက်ပိုင်းက အသင်းအဖွဲ့မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Nov 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်က သမဝါယမဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်နှင့် အ.ထ.က(၃)ကျောင်းသို့ သုတရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ ဒဂုံရွှေပြည်ဈေးတွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးသရုပ်ပြဆောင်ရွက်
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ဒဂုံရွှေပြည်ဈေးတွင် မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပခြင်း၊ ဈေးအတွင်းမီးဘေးအန္တရာယ်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန် ရွေးချယ်ရေးဆန်းစစ်ချက် အားကစားပြိုင်ပွဲများ သာကေတမြို့နယ် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘက် စုံလူရည်ချွန်ရွေးချယ်ရေးကို ဆက်လက်ကျင်းပခဲ့ရာ ယနေ့ နံနက်(၆)နာရီ၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး ဆန်းစစ်ချက်အားကစား စွမ်းရည်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်
Nov 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓပူစနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓပူစနိယပွဲတော် (ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အနှေးယာဉ်များတွင် ရောင်ပြန် စတစ်ကာများ တပ်ဆင်ခြင်း ကွင်းဆင်းဆောင်ရွက်
Nov 30,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အနှေးယာဉ်လုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးခင်ညွန့် ဉီးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဝန်ထမ်းများ၊ ငါးသိုင်းချောင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်းက ငါးသိုင်းချောင်းမြို့ပေါ်ရှိ အနှေးယာဉ် စက်ဘီး၊ ဆိုက်ကားများတွင် ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဆက်လက်ကျင်းပ
Nov 30,2022
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17423
Page
17424
Page
17425
Page
17426
Current page
17427
Page
17428
Page
17429
Page
17430
Page
17431
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department