အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2022
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစိမ်းရောင်ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာ ရောင်းချပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလည်ချောင်ကျေးရွာအုပ်စု၊ တောယားကျေးရွာ၌ ပြုလုပ်ခဲ့သည်။
Nov 30,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ယမန်နေ့နံနက် ၁၁ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ လာရောက်တွေ့ဆုံခဲ့သည်။
Nov 30,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရုံးစာရေးသားနည်း (Online)သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က Zoom Meeting ဖြင့် ပြုလုပ်ခဲ့သည်။
Nov 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဇဗ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက် ပရိဝဏ်အတွင်း တည်ထားကိုးကွယ်ထားသော မဟာဇေယျသိဒိဆုတောင်ပြည့်စေတီတော် ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒဘိသေက အနေကဇာတင်လှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဇဗ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တိုင်းစစ်ဌာချုပ်မှ အရာရှိများနှင့် မိသားစုများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာမှ တောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေ အောက်ရေကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် ပဲမြစ်၊ ငှက်ပျော၊ ကြက်သွန်၊ ကုလားပဲ၊ ပဲစင်ငုံ စသည့် သီးနှံများ အဓိထား စိုက်ပျိုးကြကြောင်းနှင့် ယခုအခါ မိုးရာသီမှ စတင်စိုက်ပျိုးခဲ့သော ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တူးဖော်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြောင်း သိရသည်။
Nov 30,2022
သန်လျင်ခရိုင်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
Nov 30,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Second Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။