အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ​ပေါက်တောရွှေမြေအားကစားကွင်းကြီး၌ ပြုလုပ်ခဲ့ကြသည်။
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးအပြင် ဈေးကွက်ဝင်မည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက် သင်္ဂတုံကျေးရွာမှ စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်း စည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 30,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာအုပ်စု၊ ညံတော အင်းကျေးရွာ ကွင်းအမှတ်(၃၈၄)ရှိ စိုက်ပျိုးမြေဧကများအား သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း မြင့်မားလာစေရေးအတွက် ဧရာဝတီမြစ်မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ပြီး မိုးသီးနှံသာမကဆောင်းသီးနှံနှင့် နွေသီးနှံကိုပါ တိုးတက်စိုက်ပျိုးလာစေရန် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံရှိ မသန်စွမ်းအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က  ဆက်လက်ကျင်းပခဲ့သည်။
Nov 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ဝါးရုံပင်ကျေးရွာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကိုယမန်နေ့ နံနက်ပိုင်းက ကွင်းအမှတ်(၅)အတွင်း စိုက်ပျိုးထားသည့် တောင်သူဦးကြီးရင်၏ ရွှေရင်အေးစပါးစိုက်ခင်း၌