အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲနှင့် စာကြည့်တိုက်မှတ်ပုံတင်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးဌာနမှ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းဘာသာရပ်စာမေးပွဲကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ကျင်းပသည်။
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို  ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကားကြီးဂိတ်ကြီးဝန်း၌ ယနေ့နံနက် ၈ နာရီက New ဧရာသစ္စာ ယာဉ်လိုင်းအသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
Nov 30,2022
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပခဲ့သည်။