အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် SMART Village စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား
Nov 30,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ဝိုင်းမင်္ဂလာဈေး (ဈေးရုံ)ပန္နက် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါ ဈေးရုံတည်ဆောက် မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
Nov 30,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ် အထွေထ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 30,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်  (ပခုက္ကူ) ၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ(ပထမနှစ်)သင်တန်းကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခနန်းမ၌ ကျင်းပသည်။                                             
Nov 30,2022
ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သော အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူရည်ချွန်စိစစ်ရွေးချယ်ခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၇:၀၀)အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းနှင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလှမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
Nov 30,2022
ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများအား စနှစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ အမှိုက်ပုံး(၆၀၀)ပုံးနှင့် အမှိုက်အိမ်(၁၈)လုံးတို့ကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
Nov 30,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော်ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇) ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာတွင် တည်ဆောက်လျက်ရှိသည့် စက္ခုဒါန မျက်စိဆေးရုံမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။