အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘက်စုံလူရည်ချွန် ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းအားကစားကို ဆက်လက် ကျင်းပခဲ့ရာ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့နယ်တွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ကာ အကျင့်စာရိတ္တ ကောင်းမွန်၍ အထွေထွေဗဟုသုတများနှင့် ပြည့်စုံသောကျောင်းသား လူငယ်များဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စိစစ်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ၊​ ရွှေဘိုမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဖြေဆိုခဲ့သည်။
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2022
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာရေးအတွက် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများကို နိုဝင်ဘာ (၂၈) ရက်နေ့မှ ယမန် ်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Nov 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community entre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခဲ့ ကြောင်းသိရသည်။
Nov 30,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။