ဂွ နိုဝင်ဘာလ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ် အထွေထ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က ဂွချောင်းတံတားဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်း၍ တာဝန်ပေး ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြ စေလိုကြောင်း၊ တံတားဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အဆင့်အကြီးအကဲများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ လာရောက်မည်ဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးအား ဆောင်ရွက် ထားရှိစေလိုပါကြောင်း၊ မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ တတိယအဆင့် ဆောင်ရွက်မည့် နိုင်(၄)နှင့် ပုံစံ(၆၆/၆)များ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးချိန်တွင် မသန်စွမ်းအမျိုးအစားအလိုက် သတ်မှတ်ဖော်ပြနိုင်ရေး စာရင်းကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအနေဖြင့် ကိန်းဂဏန်းများပြီးစီးရေးအတွက် အချိန်မီဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါ ကြောင်းနှင့် မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလို သည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်