ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘုရားကြီးကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဆောင်သီးနှံနေကြာစိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲ ၊ ဆိုလာနှင့်ရေပေးဝေမှုပြသခြင်း အခမ်းအနားတက်ရောက်

အိမ်မဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု တောင်သူဦးပန်းမောင်၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံနေကြာ စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည်ဆိုလာဖြင့်ရေပေးဝေမှုပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံနေကြာ စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပရာ ဆင်းရွှေကြာမျိုးစေ့ကို မျိုးစေ့ချစက်ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆိုလာဖြင့် လယ်ယာစိုက်ပျိုးမြေတွင် ရေပေးဝေမှုကိုကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)