ကျောက်ဆည်မြို့နယ်တွင် နွားတက်မြောင်းကြီးမှ ရေကျအဆောက်အအုံ တစ်ခုပြန်လည်ပြုပြင်ပေးသဖြင့် မြေဧက(၃၀၀)ခန့် သီးနှံမျိုးစုံအောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ရေပေးဝေနေသည့် ပျက်စီးနေသော မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် နွားတက်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် မြေဧက(၃၀၀)ခန့်တွင် သီးနှံမျိုးစုံ အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် ငပြောင်ဆည် ရေသောက်စနစ်ဖြစ် စိုက်ပျိုးရေများပေးဝေနေသည့် နွားတက်မြောင်းမကြီး၏ မြောင်းအမှတ် အာဒီ(၁၃+၀၁၉)၊ ကုလကျေးရွအနီးတွင်ရှိသော ရေကျအဆောက်အအုံ ဖြစ်ပြီးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၃၀.၀၀၀)ကျပ်သန်းအကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ ပျက်စီးနေသည့် ရေကျအဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်း ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် မြောင်းဘောင်များ ကျောက်ဆလံစီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင် ငပြောင်ဆည်ရေသောက်စနစ်၊ နွားတက်မြောင်းမှ ရေပေးဝေနေသည့် ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသဖြင့် သီးနှံမျိုးစုံ(၃၀၀)ဧကအတွက် ရေများပေးဝေရာတွင် မြောင်းအဆုံးမြောင်းအဖျားအထိ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများ အောင်မြင်သည် အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)