အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ စိုက်ပျိုးရေးသီးနှံများ အထွက် တိုးနှုန်းကို နှေးကွေးစေသည့် မြင်းပျံ အမှတ်တံဆိပ် ဓာတ်မြေဩဇာကို အခြား ဓာတ်မြေဩဇာများနှင့် ရောနှောကာ ရောင်းချနေမှု ရှိ/မရှိကို ယမန်နေ့က ဓာတ်မြဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။
Dec 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ပြည်သူများ ကြံ့ခိုင်ကျန်းမာစေရေး အတွက် ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
Dec 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲ(ဒုတိယပတ်)နှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၅ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Dec 10,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သာသနာ့ဗိမာန်တော်နှင့် ကမ်းနားလမ်းမှ သရက် (View Point) ဆောင်ရွက် နေမှု လုပ်ငန်းများအား သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။
Dec 10,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်/မြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ၊ လူထုအားကစား လှုပ်ရှားမှုအနေဖြင့် (‌ဒုတိယပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် လျှပ်တပြတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လမ်းညွှန်မှု၊ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမနှင့် မနောကွင်း၌ ကျင်းပရာ ပြည်သူတစ်ထောင်ခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။