ပုဏ္ဏားကျွန်းမြို့ မြို့မဈေး၌ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ စိုက်ပျိုးရေးသီးနှံများ အထွက်တိုးနှုန်းကို နှေးကွေးစေသည့် မြင်းပျံ အမှတ်တံဆိပ် ဓာတ်မြေဩဇာကို အခြား ဓာတ်မြေဩဇာများနှင့် ရောနှောကာ ရောင်းချနေမှု ရှိ/မရှိကို ယမန်နေ့က  ဓာတ်မြဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က မြို့မဈေးအတွင်း ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ သွားရောက်၍ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအိတ်များတွင် အခြားဓာတ်မြေဩဇာ များ ထည့်သွင်း၍ ဖြန့်ချိရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာ ဖြန့်ချိရောင်းချနေသည့်ဆိုင်(လုံးဝ)မရှိကြောင်း စိစစ် တွေ့ရှိရသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။  

နီထွန်းအောင်(ပြန်/ဆက်)