အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း ကျောင်း အဆင့်တိုးဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထက ထရန်ဒမ်းကျောင်း၌ ကျင်းပခဲ့သည်။
Dec 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား ပြန်လည်သင်ကြား ပို့ချခြင်းကို အထက-နောင်ကိုင်တော်ကျောင်း၌ ယနေ့နံနက်(၉)နာရီတွင် ပြုလုပ်ကြောင်းသိရသည်။
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ အုပ်စု၊ ကျိုက်က္ကလွန်ပွန်းစေတီတော်ကြီးဘုရားဝန်းအတွင်း၊ ဦးဖိုးရွှေတန်ဆောင်း တော်ကြီးတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အတွင်းသန့်ရှင်း သာယာလှပ စေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေရေးနှင့် Clean City, Green City, Smart City ဖြစ်လာစေရေး အတွက် မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိသာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား ဒုတိယအပတ်စနေနေ့အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန်အထိ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၅)လမ်း နှင့် မင်္ဂလာလမ်းထောင့်၌ ဆောင်ရွက်သည်။
Dec 10,2022
ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ကိုယ်လက်လှုပ်ရှား အားစားပြုလုပ်၍ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော တိုင်းဒေသကြီးဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်)ကို ယနေ့နံနက် ၆ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပသည်။
Dec 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီက ဒီဇင်ဘာ (ဒုတိယအပတ်) လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပကြောင်း သိရသည်။
Dec 10,2022
မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျရခိုင် စေတီတော်မြတ်ကြီးရှေ့တွင် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ပြည်သူလူထုစားဝတ်နေရေး အဆင်ပြေမူရှိစေရေး အတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား စျေးနူန်းသက် သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။