အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူအများအပြား ယခုနှစ်တွင် ဆီထွက်ပန်းနှမ်းစိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
Dec 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပခဲ့​ပါသည်။
Dec 13,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myanmarcopharm )ကျောင်းအခြေပြု (ပထမ) အကြိမ် ထိုးနှံပေး ခြင်းကို  ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၃)နှစ်မှ(၅)နှစ်အောက်အရွယ် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၂ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 13,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့်ပေါင်မြို့နယ်အကြားရှိ သံလွင်မြစ်(ဒရယ်ပေါက်)ရေကြောင်း လမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်သတ်မှတ်ခြင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပထမအကြိမ်တွေ့ဆုံပွဲကို ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် ယနေ့နံနက် ၉ နာရီကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။