အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2022
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)အစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ​မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နာ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Dec 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမြေနေ ရာအသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ်တောင်သူများ လက်ဝယ်သို့ မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် မြေယာ လျော်ကြေးငွေ ပေးအပ်ပွဲခဲ့ကြောင်း သိရသည်။
Dec 14,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြသခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၁နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်း(အင်ကုန်း)ကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း ဆရာကွန်းခန်းမ၌`` လူငယ်စကားဝိုင်း ´´ ကျင်းပသည်။
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ စံပြစိုက်ကွင်းတွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုအခြေအနေများ ယမန်နေ့မွန်းလွဲ ၄နာရီခွဲ အချိန်ခန့်က ကွင်းဆင်းကြည့်ရှု ခဲ့သည်။