အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး ၊သာကေတမြို့နယ် အားကစားကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲကို ယနေ့ နံနက် (၆:၃၀) နာရီက ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Dec 14,2022
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ပေး လျက်ရှိရာ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် အထူးသဖြင့် ဈေးမီးလောင်မှုကြီးများ မပေါ်ပေါက် စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအဖြစ် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကို ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးအတွင်း ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
Dec 14,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက မမဲကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 14,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၄)ရပ်ကွက်ရှိ မေဃဝတီလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မေဃဝတီလမ်း၌ ကျင်းပပြုလုပ်သည်။
Dec 14,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myanmar Copharm) ကျောင်း အခြေပြု (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိ ပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ နယ်လှည့် အသိပညာပေး စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) ရပ်ကွက်၊ ရှမ်းကုန်း အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမတွင် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း “ မောင်မယ်သစ်လွင် ” ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့  နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။