မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)  အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်​ရောက်

​မော်လမြိုင်   ဒီဇင်ဘာ  ၁၄

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)အစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ​မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နာ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွား​ရေးအရအချက်အခြာကျသည့် ​နေရာတစ်ခုဖြစ်သလို ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍  ရေရှည်ရင်းနှီးမြှုပ်နှံမှုများ​ ဆောင်ရွက်နိုင်ရေးကိုလည်း အ​လေးထား​ဆောင်ရွက်​လျက်ရှိ​ကြောင်း၊ ရင်းနှီးမြုပ်နှံသူများပါဝင်​သည့် စီးပွား​ရေးအ​ခြေခံကောင်းများတည်​ဆောက်​ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာ​စေ​ရေး ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ​ကော်မတီအ​နေဖြင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်​စေဖို့နှင့် ရင်းနှီးမြုပ်နှံသူများလုပ်သာကိုင်သာရှိ​အောင်၊ စီးပွားရေးအ​ခြေအ​နေအလားလာကောင်းများရှိလာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်၊၊

ထို့​နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း​အောင်မှ ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီခွင့်ပြုသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် ပြည်နယ်ဝန်ကြီးများနှင့်ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်