အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပညာ့ရိပ်သာခန်းမနှင့် အ.ထ.က(၂) ဇလွန်တို့တွင် ကျင်းပခဲ့ သည်။
Oct 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆီမုန်ညှင်းကို ကြားကာလသီးနှံအဖြစ် စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအား ဌာနဆိုင်ရာအကြီးအကဲများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ခမောက်ကြီးမြို့ မြခွာညိုလမ်းထိပ်တွင် ပြုလုပ်ခဲ့သည်။
Oct 25,2022
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့ နာရီစင်ရှေ့တွင် ပြုလုပ်ခဲ့သည်။