အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဘုတ်ပြင်း  အောက်တိုဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ဆန်၊ ဆီ၊ ငရုတ်သီး‌ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥနှင့်၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ပြီး  ဌာနဝန်ထမ်းများနှင် မိသားစုဝင်များ၊ ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များဈေးနှုန်းထက် ဈေးနှုန်းသက်သာသည့် အခြေခံစာသုံးဆီနှင့် လတ်ဆတ်သည့် မွေးမြူရေးခြံထွက်ကြက်ဥများကို ရောင်းချပေးလျက်ရှိပြီး ကြက်ဥ (၁) လုံဈေးနှုန်းမှာ ကျပ် (၂၂၀/) နှုန်းတို့ဖြင့်‌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖြူဖြူသိန်း (ပြန်/ဆက်)