အမြို့မြို့အနယ်နယ်သတင်းများ

Oct 24,2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် အမှတ်(၄)၊ ရပ်ကွက်၊ ဟံသာမုနိဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်မည့်  ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲ ကျင်းပနိုင်ရေးအတွက်  ယနေ့နံနက်(၉)နာရီအချိန်၊ ဟံသာမုနိဘုရားကြီးကျောင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများက (ဒုတိယ) အကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Oct 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ ပျဉ်းမနားခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Oct 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀ နာရီတွင် အ.ထ.က(ခွဲ) တောင်ပို့တရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြသည်။