အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Dec 03,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၂)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  
Dec 03,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ 
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်‌ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း အတတ်ပညာများ လူတိုင်းလူတိုင်း တတ်မြောက်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ဖွင့်လှစ် သင်ကြားပို့ချသည်။
Dec 03,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွက် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား၊ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲဝင်များအား၊ ယနေ့ နံနက် ၁၁ နာရီ အချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲဝင်ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။