မောင်တော ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မိမိတို့မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘတ်ဂျတ် ကာလအတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ၊ နိုင်ငံတော်မှ တည်ငြိမ်အေးချမ်းအတွက် ဆောင်ရွက်နေမှုများ၊ တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်နေမှုများ၊ လက်ခံရေးစခန်းများတွင် တာဝန်ထမ်းဆောင်နေကြ သည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနများ၏ လုပ်ငန်းစဉ်များအလိုက် အသင့်ဆောင်ရွက်ထားရှိကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနေသည့် အခြေအနေများ၊ မြို့သန့်ရှင်းသာယာရေးကိစ္စရပ်များ၊ ပွင့်လင့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဌာနဆိုင်ရာရုံးများအနေဖြင့် ရုံးများ ဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ဘတ်ဂျတ်ကာလအတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူများက အသီးသီး တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)