Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Dec 05,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး နေကြာစုပေါင်းကွင်းပိတ် စိုက်ပျိုးပွဲကျင်းပ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ (နေကြာ)စုပေါင်း စိုက်ပျိုးပွဲကို ချားလျားကုန်းကျေးရွာအုပ်စု၊ ချားလျားကုန်းရွာအပိုင်၊ ကွင်းအမှတ် ၉၇၄၊ လယ်ပိုင်ရှင် ဦးအောင်ဇော်ဦး၏ လယ်မြေပေါ်တွင် ယနေ့ နံနက် ၈:၃၀ အချိန်က ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင်မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်း…
Dec 05,2022
သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင် မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက သံတွဲမြို့ အောင်သုခဓမ္မရိပ်သာခွဲ၊ အောင်မြေသာစည်တရားစခန်းဓမ္မာရုံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မသန်စွမ်းသူများအား မသန်စွမ်းမှတ်ပုံတင်နှင့် ထောက်ပံ့ငွေများပေးအပ်
Dec 05,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီတို့ကြီးမှူး၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်ဖြင့် ဒီဇင်ဘာလ ၃ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး
Dec 05,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်က အင်းကုန်းကျေးရွာဓမ္မာရုံ၌ စုရပ်ထားကာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Dec 05,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သာယာကုန်းကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား နိုဝင်ဘာ နောက်ဆုံးအပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Dec 05,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲကိုယနေ့ နံနက်(၁၀)နာရီကကျင်းပခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဖူးငုံမြင့်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14458
Page
14459
Page
14460
Page
14461
Current page
14462
Page
14463
Page
14464
Page
14465
Page
14466
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department