အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏လမ်းညွှန်မှု၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၅ နာရီက ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲကို ပထမအပတ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာအားကစားလ ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများကစုရပ်ပြုလုပ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စတင်ခဲ့သည်။
Dec 03,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊  အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့သည်။
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းကသင်တန်းဆင်းပွဲအခမ်းအနား ဖွင့်လှစ်ကျင်းပလျက်ရှိသည်။
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်၍နှာခေါင်းစည်း mask များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က စင်ကျေးရွာရွှေဇင်လမ်းနှင့်ဗေဒါလမ်းထောင့်ရှိ လူစည်ကားရာနေရာများနှင့်ဆိုင်ခန်းများရှိ စျေးသွား၊ စျေးလာ၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်း mask များဖြန့်ဝေကာ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ ပျက်စီး၊ ‌ပျောက်ဆုံးခြင်းများအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၃၁၊၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၁ ရက်နေ့များက ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိလာခဲ့ရာ ကျေးရွာအုပ်စု(၂)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြသည်။
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်(၂) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။