အိမ်မဲမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

အိမ်မဲ ဒီဇင်ဘာ ၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏လမ်းညွှန်မှု၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှုတို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၅ နာရီက ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲကို ပထမအပတ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ရက်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အနော်ရထာလမ်းမှတာထွက်၍ အိမ်မဲမြို့တစ်ပတ်ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရှင်ပင်ချမ်းသာဘုရားရှေ့ ကရဝိတ်ဖောင်တော်ရင်ပြင်တွင်စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ)