သာကေတမြို့နယ်တွင် ပရဟိတအသင်းအဖွဲ့များအား မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဥ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

သာကေတ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ပရဟိတအသင်းအဖွဲ့များအား  မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူးဦးမင်းစမ်းအေး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ ဗိုလ်တထောင်ခရိုင်မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီး၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ သာကေတမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးမင်းမင်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူးဦးမင်းစမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်မှ အမှာစကားပြောကြား၍ သင်တန်းသားများအား ဂုဏ်ပြုငွေကျပ်၂သိန်းထောက်ပံ့ပေးအပ်ခဲ့ရာ ဗိုလ်တထောင်ခရိုင်မီးသတ်ဦးစီးမှူးလက် ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီးမှလက်ခံရယူပြီး သင်တန်းကို(၁၆.၆.၂၀၂၅)ရက်နေ့မှ(၂၇.၆.၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

သဲထက်ဇင်(ပြန်/ဆက်)