အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲစေရန်၊ ရေရရှိရေးလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရေပေးဝေရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချသည်။
Feb 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပသည်။
Feb 21,2023
ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရား ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို ယနေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ အတွင်းဖြေဆိုသူ(၂၃)ဦးနှင့် အပြင်ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း(၃၃)ဦးတို့အား ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။
Feb 21,2023
စုကလိမြို့နေ  ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်စနစ်တကျစည်းကမ်း လိုက်နာစွာမောင်းနှင်တတ်စေရန်နှင့်   ယဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာတတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 21,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ကျေးရွာများတွင် အစဉ်အလာမပျက်ပုန်းမကျီအရှင်မ ပူဇော် တင်မြှောက်ပွဲကို တပေါင်းလဆန်း(၃)ရက် ယနေ့နံနက်စောပိုင်းက ပြုလုပ်ခဲ့ကြသည်။