အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
Feb 22,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နှစ်စဉ်ရေဘေးဒဏ်ကို ကြုံတွေ့နေရသည့်အတွက် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖောင်ဆိပ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
Feb 22,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်း၍ မြို့မဈေးအပြင်ဘက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော ပြောခြင်း၊ မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့မဈေးအပြင်ဘက် မအီ-ချက်ဖောက်လမ်းပေါ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 22,2023
ကချင်ပြည်နယ် အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများအား အခါ အားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
Feb 22,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသားနှင့်သဘာဝသယံဇာတ အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီးလူငယ်‌ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ် ၁၈ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်နှင့်ကျောက်တန်းမြို့နယ်တို့တွင် လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။