Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒလမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ…
Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သီရီဇေယျအနော်ရထာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်၌ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပ
Feb 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သီဟိုဠ်ကျွန်းမှ လက်ဝဲ အောက်ဓာတ်ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု ဇီးဖြူကုန်းရွာမကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဗုဒ္ဓမြတ်စွယ်တော်တိုက်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် နွေရာသီအခြေခံပန်းချီပညာသင်တန်းနှင့် အင်္ဂလိပ်စာ(Grammar)သင်တန်းအခမဲ့ဖွင့်လှစ်မည်
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းနှင့် အင်္ဂလိပ်စာ (Grammar)သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မတ်လ ၁ရက်နေ့ကစတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စုတွင် စွမ်းအားမြှင့် CCC မီးဖိုများ အခမဲ့ဖြန့်ဝေ
Feb 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ)တွင်စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့် စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင်အခမဲ့ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇင်ပြွန်းကျေးရွာအုပ်စု ဂုတ်ဝကျေးရွာနှင့် ရေနွယ်ကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၂၁၄ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ကျင်းပ
Feb 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းလေးသောင်းခုနှစ်ထောင်ကျော်ပျိုးထောင်ထားရှိ
Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်းလေးသောင်း ခုနှစ်ထောင်ကျော်ကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရေမုဆိုးဝတ္ထုတိုများ စာအုပ်မိတ်ဆက်ပွဲကျင်းပ
Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန( Community Centre )၌ စာရေးဆရာအမျိုးသားစာပေဆုရှင် ဆရာမောင်ခြိမ့်ရေးသားသည့် ရေမုဆိုးဝတ္ထုတိုများ (စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ပထမဆုရ) စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13266
Page
13267
Page
13268
Page
13269
Current page
13270
Page
13271
Page
13272
Page
13273
Page
13274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department