Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ရွှေမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2023
ဒေသတွင်းမှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံခြင်းကို ဖေဖော်ဝါရီ(၂၄) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်ပွဲရ အားကစားသမားများအား ကြိုဆိုဂုဏ်ပြု
Feb 25,2023
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစားသမားများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်က မော်တော်ယာဉ်များဖြင့် ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ဘားအံမြို့အဝင် မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး လူထုပညာပေးဟောပြောပွဲကျင်းပ
Feb 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင် သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး လူထုပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ
Feb 25,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရေငံပိုင်းကျေးရွာများရှိ ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လျှပ်စစ်ပစ္စည်း ပြုလုပ်နည်း သင်တန်း(အခမဲ့) ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်
Feb 25,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လျှပ်စစ်ပစ္စည်းပြုလုပ် နည်းသင်တန်း(အခမဲ့)အား ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ဒုတိယနေ့ ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Feb 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၈)၊ အမှတ်(၆)လမ်းရှိ အိမ်အမှတ် (၂၁၈) လူနေအိမ်တစ်လုံးမှာ ယနေ့နံနက်ပိုင်း ၁၁ နာရီ ၅ မိနစ်အချိန်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် ကံမလေးဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Feb 25,2023
အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် ကံမလေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင်တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေး
Feb 25,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင် ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့် နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13270
Page
13271
Page
13272
Page
13273
Current page
13274
Page
13275
Page
13276
Page
13277
Page
13278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department