အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလေ့ကျပေါက်ရောက်သည့် ညောင်ပင်နှင့်တမာပင်(ဒေသအခေါ်)စားပင်များမှ ညောင်ရွက်၊ တမာရွက်အနုများခူးယူ ပြုတ်ရောင်းချသူများရောင်းအားကောင်းမွန်ပြီး၊ ဈေးကောင်းရရှိ၍ ရာသီချိန်အတွင်း မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့်ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား၊သင်ယူနိုင်စေရေးအတွက် အာစီသုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ(၃၅)ရာ ခိုင်နှုန်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံကသိရသည်။
Feb 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်း၊ကန်ပေါများပြီး ဆည်ရေဖြင့်ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့်ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့်မီး ဖိုချောင်သုံးသီးနှံများအပြင် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် စံပယ်ပန်း စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Feb 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု၊ ဟွေပါဆပ်ကျေးရွာ၌ ယမန်နေ့က ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 26,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ​ ကျေးရွာနေပြည်သူများနှင့်  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်ခန့်က ထောင်ကလပ်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ အညာကျေးလက်နေတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းမြေများတွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။