အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိပြည်သူများမှအခြေခံစားသောက်ကုန်ပစ္စည်းများ အားစျေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီအစီအစဉ်ဖြင့် ယနေ့နံနက်(၆:၃၀) နာရီမှနံနက်(၈:၃၀) နာရီအထိ အမှတ်(၅)ရပ်ကွက် ၊မြင်တော်သာလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အရှေ့လမ်းသွယ်၌စားသုံးဆီ၊ကြက်သား၊ဝက်သား၊ငါးအမျိုးမျိုးအားရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက် သာယာကျောင်းတိုက်အတွင်းတည်ထားကိုးကွယ်တော်မူအပ်သော ရှေးဟောင်းသမိုင်းဝင် သာယာအေး အာရုံခံစေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က အဆိုပါကျောင်းတိုက်ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ သာယာအေးအာရုံခံစေတီတော်မြတ်ကြီး၏မတည် အလှူရှင်ဒေါ်ငွေတိုးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Feb 26,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တောင်သူများအနေဖြင့် ဆောင်းရာသီတွင် မီးဖိုချောင်သုံးသီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် ခရမ်းသီးအစိမ်းရောင် မျိုးစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Feb 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကားစာအုပ်အား ယမန်နေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူငယ်များ ဘောလုံးကစားခြင်းကို စနစ်တကျရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ MFF.D/ AFC.C လိုင်စင်ဘောလုံးနည်းပြအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို (ည)ရပ်ကွက်၊ ဘုမ္မာ(၁၂)လမ်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများဆောင်းသီးနှံအဖြစ် အာလူး၊ ကြက်သွန်နီ၊ ဖရဲ၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာပွင့်၊ ပြောင်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပန်းများနှင့် မီးဖိုချောင်သုံးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကွင်းအမှတ်(၁၃၁၆)ကွင်း၊ တောင်သူအချို့ ရွှေယင်းမာပဲကို သီးညှပ်စိုက်ပျိုးကာ ပိုးမွှားကင်းပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့ကျက်သရေဆောင်သမိုင်းဝင်ကျိုက်တိစေတီတော်မြတ်ကြီးအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အလှူရှင်မိဘပြည်သူများစုပေါင်း၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်ရင်ပြင်ရှိ ကျောက်စာများ၊ ခေါင်းလောင်းများ၊ မော်ကွန်းမှတ်တိုင်များ၊ လက်ရန်းများအား ဆေးပြန်သုတ်ခြင်းလုပ်ငန်းများကို စုပေါင်းလှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။