ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဖြူ   မတ်  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွ ာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးရဲလင်းမောင်က ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် မြို့မိ၊မြို့ဖများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း၊  သင်္ကြန်ပွဲတော်ရက်များတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအက အလှအဖွဲ့ပြိုင်ပွဲများ၊ သီဆိုဖျော်ဖြေပွဲများနှင့် စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက်ပျော်ရွှင်အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများမှ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး( ပြန်/ဆက်)