အုတ်ဖိုမြို့နယ်တွင် သက်တော် (၁၀၃) နှစ်ရှိ ဆရာတော်ကြီးနှင့် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

အုတ်ဖို မတ် ၂၀

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘုန်းဆိုးကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် နိုင်ငံတော် ဩဝါဒစရိယ ဘဒ္ဒန္တနန္ဒောဘာသ သက်တော် (၁၀၃) နှစ်၊ ဝါတော် (၈၃) ဝါ ရှိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိုနယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်း ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ဆရာတော်ကြီးအားကျလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးပြီး အာဟာရနှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်းကာ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)