ထန်းတပင်(ပဲခူး) ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ်(၄၅၅) ဦးပိုင်(၃၇/၂) ရှိ တောင် သူဦးမြင့်စိုး၏ လယ်မြေ (၅) ဧကတွင် သစ်စိမ်းမြေသြဇာ( ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ သစ်စိမ်းမြေသြဇာထည့်သွင်းမှုကြောင့် မြေဆီလွှာပျက်စီးမှုအားကာကွယ်ခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံ လျှော်)မှရရှိလာသော အကျိုးကျေးဇူးများအကြောင်းစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာများမှ တောင်သူများစုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများသို့ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး သစ်စိမ်းမြေသြဇာစိုက်ပျိုးထားရှိသည့် (၄၅)ရက်သားအပင်များအား ထယ်ထိုးမြေမြုပ်ခြင်း သရုပ်ပြပွဲပြုလုပ်မှုကို တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ထန်းတပင်မြို့နယ်အတွင်း မိုးစပါး (၇၃၅၃၀) ဧက၊ မိုးနှမ်း(၁၁၀၀)ဧက၊ မိုးမြေပဲ(၆၈၄၉)ဧက၊ မိုးနေကြာ( ၂၅)ဧက ၊မိုးပဲတီစိမ်း(၁၀၈၆၁)ဧက၊ မိုးပဲစဥ်းငုံ(၂၀၀)ဧက လျာထားချက်အပေါ် ပြည့်မီရေးနှင့်ပန်းတိုင်အထွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)