Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးနည်းလမ်းများအကြောင်း သိကောင်းစရာ အသိပညာပေးလုပ်ငန်း…
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေးနည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီအချိန်က ပတ္တာမြားဈေး(ပျံကျဈေး)တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 25,2025
“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သွင်းအားစုများ အောင်နိုင်တိုးမျိုး စပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာတောင်သူများသို့…
Jun 25,2025
၂၀၂၅-၂၀၂၆ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ အောင်နိုင်တိုးမျိုးစပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီခရိုင်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.ထ.က(ခွဲ)(၃) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jun 25,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jun 25,2025
နင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး(အထွက်တိုးမျိုး)စိုက်ပျိုးနေမှုအား တာဝန်ရှိများမှ ကြည့်ရှုအားပေး
Jun 25,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကိုစဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး(အထွက်တိုးမျိုး)စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1233
Page
1234
Page
1235
Page
1236
Current page
1237
Page
1238
Page
1239
Page
1240
Page
1241
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department