ကသာ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “ပလတ်စတစ်ညစ်ညမ်းမှု ပူးပေါင်းကာကွယ်ဖြေရှင်းရေးနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေးနည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီအချိန်က ပတ္တာမြားဈေး(ပျံကျဈေး)တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက “စွန့်ပစ်ပစ္စည်းအမျိုးအစား(၅)မျိုး”အကြောင်း၊ “မြို့တော်ဧရိယာမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ စက်မှုလုပ်ငန်းမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ”၊ “စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ”၊ “ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ “စွန့်ပစ်အမှိုက်များ ဆွေးမြေ့ရန် ကြာမြင့်နိုင်သည့် သက်တမ်းများ”၊ စွန့်ပစ်အမှိုက်ညစ်ညမ်းမှုများသည် မြေ၊ လေ၊ ရေ၊ မြေဆီလွှာများကို အဆိပ်သင့်စေကြေင်း” စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပလတ်စတစ်အစားထိုး အင်ဖက်(၅၀၀)ရွက်၊ PAPEE BAGS (၂၀၀)အိတ်နှင့် “အမှိုက်တွေကိုဘယ်လိုစွန့်ပစ်သင့်သလဲ” အသိပညာပေးလက်ကမ်းစာစောင်များကို ဈေးရောင်း၊ ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်စွာထွန်း(ပြန်/ဆက်)