Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် ဆံဖြူခင်စံပြကျေးရွာ၌ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ…
Jun 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များများကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဇွန် ၂၅ ရက်နေ့က ပွင့်ဖြူမြို့နယ် ဆံဖြူခင်စံပြကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး အေဝမ်းမီးဖိုများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ် တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ်အား ဆက်လက်၍ တည်ထောင်ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေလှူဒါန်းခြင်းနှင့် ဘိလပ်မြေအိတ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တ ဒေါက်တာပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ…
Jun 26,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင် နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိ…
Jun 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း (၁၀၀၀…
Jun 26,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ခင်း (၁၀၀၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ…
Jun 26,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1230
Page
1231
Page
1232
Page
1233
Current page
1234
Page
1235
Page
1236
Page
1237
Page
1238
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department