ဟုမ္မလင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သွင်းအားစုများ အောင်နိုင်တိုးမျိုး စပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း ဇွန် ၂၅

၂၀၂၅-၂၀၂၆ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ အောင်နိုင်တိုးမျိုးစပါး၊ ဓာတ်မြေသြဇာ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာတောင်သူများသို့ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က မိုးစပါး၊ ဆီထွက်သီးနှံများအား ပိုမိုအောင်မြင်အောင် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါကသတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းသီးနှံများ ထွက်ရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ရေးဦးစီးဦးစီးမှူး ဒေါ်စုစုထွေးက မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော တောင်သူများအား အောင်နိုင်တိုးမျိုးစပါးသွင်းအားစု၊ ဓာတ်မြေသြဇာ၊ မျိုးစေ့ချကိရိယာ၊ တောင်သူများအား အသိပညာပေး လက်ကမ်းစာစောင်၊ ဆေးဖြန်းပုံ၊ဟင်းသီးဟင်းရွက်မျိုးစေ့များအား ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကိုယ်စားပြုခရိုင်ရုံး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် စိုက်ပျိုးနည်းပညာ သင်တန်းများအား ဆက်လျက်ပို့ချခဲ့ရာ လက်ထောက်ဦးစီးမှူး ဦးအောင်ညွှန့်ကြည်က ခေါင်နှံရွေးချယ် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်နှင်းဝေ​အောင်က အထွက်နှုန်းကောင်းစေရန် စပါးဆားရည် စိမ်နည်းဖြင့် မျိုးကောင်းရွေးချယ်ခြင်းနှင့် ပတ်သတ်၍လည်းကောင်း၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်နန်းရတနာဦးက ရွှေခရုကာကွယ်နှိမ်နင်း နည်းလမ်းများအကြောင်း အသိပညာပေးဆွေးနွေး ပို့ချခဲ့ကြပြီး၊ တက်ရောက်လာ​သော တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကိုယ်စားပြု ခရိုင်ရုံး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့်ဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ၊ နားနူံးကျေးရွာ၊ တာပတောင်းကျေးရွာ၊ ကက်သာကျေးရွာ၊ တုံလုံကျေးရွာမှ တောင်သူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)