အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် (၈)လက်မ စက်ရေအတွင်း(၂)တွင်း၊ ရေဂါလံ(၂၀၀၀၀)ဆံ့ ရေလှောင်ကန်၊ Pump House (၁)လုံးနှင့် 315 KVA Transformer (၁)လုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိကြသည်။
Jun 23,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်းအမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2026
ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအတွက်ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် ငွေဆောင်မြို့ကိုယ်စားပြုအသင်း ရွေးချယ်နိုင်ရေးအတွက် ရည်ရွယ်၍ အလားအလာရှိသော လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးခြင်းကို ယမန်နေ့ညနေပိုင်းကစတင်၍ ငွေဆောင်မြို့၊ Hotel @ The Sea ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 23,2026
မြေဆီလွှာပျက်စီးမှုမှ ကာကွယ်ရန်နှင့် မြေဆီဩဇာ ထက်သန်ကောင်းမွန်စေရန်အတွက် လယ်ယာမြေအတွင်းသို့ ၂၀၂၆ ခုနှစ် ၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း‌မြေမြုပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းမကျေးရွာအုပ်စု တောင်သူဦးအေးသိန်း၏ လယ်မြေ၌ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
Jun 23,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၉) ရပ်ကွက်ရှိ ကျန်စစ်သားလမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းနေမှုနှင့် ပြီးစီးမှုအခြေအနေတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။