အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းကို စစ်တွေမြို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jan 27,2026
မွန်ပြည်နယ်  ဘီးလင်းမြို့နယ်တွင်  နှစ်စဥ်ကျင်းပမြဲဖြစ်သော စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ကာ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ဇန်နဝါရီလ(၂၃)ရက်နေ့က ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင် ကျင်းပသည်။
Jan 27,2026
မွန်ပြည်နယ် မုဒုံမြို့နယ် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း(၁၅၁၈) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနမှစီစဥ်ဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။