မြောင်းမြမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

မြောင်းမြ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းကို ယမန်နေ့နံနက်(၉း၀၀) နာရီအချိန်က ကွမ်းခြံကြီးကျေးရွာ၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုလတ်က သင်တန်းဖွင့်မိန့်ခွန်းအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြ (၃) ဦးတို့က အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦးတို့အား ဇွန်လ (၂၂) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)