Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုပ်ကိုင်ဆောင်ရွက်
Jul 07,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲကျင်းပ
Jul 07,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် လေဘေးသင့်မိသားစုများအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်နှင့် ရိက္ခာပေးအပ်
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအား ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ
Jul 07,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် အားကစားဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၄ ရက် နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲများကျင်းပ
Jul 07,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်၉နာရီခွဲက အ.ထ.က(၂)၊ ကမ္ဘောဇဆောင်ခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့ ကျက်သရေဆောင် နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းအလှူမင်္ဂလာအခမ်းအန…
Jul 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ကျက်သရေဆောင် နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းအလှူမင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကကျင်းပရာ စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပန်းရထားယာဉ်ပေါ်သို့ ပင့်ဆောင်တော်မူပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား တင်လှူပူဇော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၌ သုတအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 07,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ “သုတအလင်းရောင် ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
110
Page
111
Page
112
Page
113
Current page
114
Page
115
Page
116
Page
117
Page
118
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department