ဟိုပင် ဇွန် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီက ဟိုပင်မြို့ မြို့တော်ခန်းမရှေ့၊ စုပေါင်းရုံး လမ်းဘေးဝဲယာတို့တွင် သစ်ပင်စိုက်ပျိုးပွဲတော် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးတင်ကိုကိုနှင့် ဝန်ထမ်းများစုပေါင်း၍ သပြေဘူတ (၁၅)ပင်၊ ပန်းအိ(၃၀)ပင်၊ စက္ကူ(၂၀)ပင်၊ ခရေ(၃၀)ပင်၊ စိန်တံချူ(၁၅)ပင်၊ စုစုပေါင်း (၁၁၀) ပင် တို့ကို သတ်မျတ်နေရာများတွင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
လင်းသွယ်ဦး (ပြန်/ဆက်)