Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငပုတောမြို့နယ်တွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ခေတ်မီမြေတိုင်းစက်ဖြင့် တိုင်းတာနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမင်းဇင်နိုင်နှင့်ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး (RTK GPS, Total Station) ခေတ်မီမြေတိုင်းစက်ဖြင့် ကွင်းဆင်းတိုင်းတာနေမှုကို ကျေးရွာမြေ ငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအားယနေ့နံနက်ပိုင်းက မြို့နယ်မြေငှားဂရန် ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 07,2026
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် (အသားငါးကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ရန်အတွက် တတိယအကြိမ်အရင်းမပျောက်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Online ဖြင့် အစည်းအဝေးပြုလုပ်
Jun 07,2026
ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ခွဲသားတန်ချိန် ၂၇၁ ဒသမ ၁၈၅ တန်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှတစ်ဆင့် ချင်းပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက Online ဖြင့်ပြုလုပ်ရာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံးခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့သည် တီးတိန်မြို့မှ လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးမိုးမြင့်၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေးမြို့မှ လည်းကောင်း တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ယခုနှစ် ပေါင်မြို့နယ်ဒေသထွက်ရာသီစာမင်းဂွတ်သီးများ စျေးကောင်းရရှိ
Jun 07,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဒေသထွက်ရာသီစာမင်းဂွတ်သီးများ ယခုနှစ်ပေါ်ဦးပေါ်ဖျားချိန်ကတည်းက စျေးကောင်းရရှိနေတာကြောင့် ခြံပိုင်ရှင်များ အဆင်ပြေကြတယ်လို့ အရောင်းဒိုင်များထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်ဘောင်နှင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု စစ်ဆေး
Jun 07,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှုကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာ၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 07,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း တိုက်အုပ်ဆရာတော်မှ ဦးဆောင်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများတို့က ကုန်းကျိုင်းကျေးရွာ၌ ၂၀၂၆ ခုနှစ် မိုးရာသီပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ထပ်ဆင့်ရှင်းလင်း
Jun 07,2026
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၆) မှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ တိုင်းရင်းဆေးကုထုံးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကွင်းဆင်းဆောင်ရွက်
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာတော်သံဃာတော်နှင့်သီလရှင်များအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးကုထုံးနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
109
Page
110
Page
111
Page
112
Current page
113
Page
114
Page
115
Page
116
Page
117
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department