သတင်းများ

လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Mar 23,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြော
Mar 23,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများ အကြောင်းသိရှိရှောင်ရှား တတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Mar 23,2026
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပို့ချနေမှု သွားရောက်အားပေးကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Mar 23,2026
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပို့ချနေမှု သွားရောက်အားပေးကြည့်ရှုပြီး မင်းကျောင်းကန်အမှတ်(၄)နှင့် (၅) ကန်ပတ်ဝန်းကျင်တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ‌ ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးစစ်ဆေး
Mar 23,2026
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အတွင်းရှိဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၂ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
‎မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လှည့်လည်ကြည့်ရှု
Mar 23,2026
‎၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို  မဟာအောင်မြေမြို့နယ် အ.ထ.က(၁၃) ကျောင်းစာဖြေဌာန၌ ယနေ့မွန်းလွဲပိုင်းက ဖြေဆိုကျင်းပ သည်။
ဖျာပုံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲကျင်းပ
Mar 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတို့ ပူးပေါင်း၍ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပသည်။
ညောင်ဦးမြို့၌ အများပြည်သူအတွက် မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း လုပ်ငန်းများဆောင်ရွက်
Mar 23,2026
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏လမ်းညွှန်ချက်နှင့်အညီ မတ် ၂၃ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် ၃ နယ်မြေ၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ လူနေအိမ်များမီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းလှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။