လိပ်သို မတ် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများ အကြောင်းသိရှိရှောင်ရှား တတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မူးယစ်ဆေးဝါးသည် အောင်မြင်မှုခရီးလမ်း လျှောက်လှမ်းရာ၌ အဟန့်အတားဖြစ်စေသည့် လက်နက်တစ်မျိုးဖြစ်ကြောင်း၊ မူးယစ်ဆေးစွဲလက္ခဏာများ ၊မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူတိုင်း တွေ့ကြုံခံစားရမည့် ရောဂါဝေဒနာများအကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရှာမှီး၍ မူးယစ်ဆေးဝါး၏ အန္တရာယ်သားကောင်မှ ကင်းလွတ်အောင် ဆင်ခြင်သုံးသပ်ရှောင်ရှား စေလိုကြောင်းနှင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် အသိပညာပေး TalkShow အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း