သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ
Oct 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Oct 06,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကွတ်ခိုင်မြို့ မူလတန်းကြိုကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေး
Oct 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်ကလေးကြီးကြပ်‌‌ရေး‌ကော်မတီတို့မှ ကွတ်ခိုင်မှုလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေးခြင်းတို့ကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ
Oct 06,2023
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိသည့်အနက် ကချင်တိုင်းရင်းသား လူမျိုးစုများသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကချင်တိုင်းရင်းသား လူမျိုးတွင် မျိုးနွယ်စု (၆)စုရှိသည်။ ယင်းမျိုးနွယ်စုများမှာ ဂျိမ်းဖော၊ ဇိုင်ဝါး၊ လာချိတ်၊ လီဆူ၊ ရဝမ်နှင့် မရူတို့ ဖြစ်ပါသည်။ ထို့အပြင် ကချင်လူမျိုးစု (၆)စုနှင့်အတူ ဗမာ၊ ရှမ်းလူမျိုးစုနှင့် အခြားသော လူမျိုးစုများ လည်း နေထိုင်ကြလျက်ရှိသည်။
သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာရေး ဆရာကိုကိုလင်း (အမေ့အိမ်) ရေးသားထားသောလူကြီးတွေကစပြင်ပါ လူငယ်အတွေးခံစားမှု အတွေးစာစုများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်
Oct 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့( Community Centre )ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာ ကိုကိုလင်း  (အမေ့အိမ်)၏ လူကြီးတွေက စပြင်ပါလူငယ်ခံစားမှုအတွေးစာစုများစာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Oct 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာပြပွဲ၊ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။