သတင်းများ

ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာန(ဗန်းမော်ခရိုင်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခန့်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ကျင်းပခဲ့သည်။
အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းပို့ချ
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ဝိုင်းကျေးရွာအုပ်စု ဒေါင်းကုန်းကျေးရွာဓမ္မာရုံတွင် ယမန်နေ့ နေ့လည်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြော
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးလယ်ယာမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာ ၈ ရက်နေ့မွန်းလွဲ (၁)နာရီက ကျွဲသလင်းကုန်းကျေးရွာ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် အောက်တိုဘာ(၉)ရက် နံနက်(၁၀)နာရီတွင် စာဖတ်ဝိုင်းကျင်းပသည်။
သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)တွင် လူငယ်ရေးရာ ကျောင်းအခြေပြု နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အောင်တပ်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)၌ ကျင်းပခဲ့သည်။
မြင်းမူမြို့နယ်တွင် မိုးစပါးဧက လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ယခုနှစ် မိုးရာသီတွင် မိုးစပါးဧက (၁၂၁၀၆)ကို   စိုက်ပျိုးရန်လျာထားခဲ့သော်လည်း စိုက်ဧက(၁၃၈၀၇)ထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၁၇၀၁)ဧက   ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
လူငယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရေးအတွက် Youth Club နှင့် စာဖတ်ဝိုင်း ကျင်းပ                                                       
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေ‌ရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက စာရေးဆရာ အောင်သင်းနှင့် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။