မိုးကောင်း အောက်တိုဘာ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် အောက်တိုဘာ(၉)ရက် နံနက်(၁၀)နာရီတွင် စာဖတ်ဝိုင်းကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှစိုးမေက အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အလုပ်ဆိုတာအင်အားပါစာအုပ်မှ အလုပ်ဆိုအားအင်အားပါ၊ အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင်အများနှင့် ပြည်လည်အောင် ဆက်ဆံတတ်ပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ စသည့်ခေါင်းစဉ်များဖြင့် ဖတ်ရှုကြပြီး အလုပ်နှင့်ပတ်သက်၍ မိမိပတ်ဝန်းကျင်မှ လူများ၏အတွေ့အကြုံများ၊ မိမိ၏အလုပ်သဘောကို အများကနားလည်မှ မိမိ၏အလုပ်အောင်မြင်နိုင်မှုစသည့် အလုပ်၏သဘောသဘာဝ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြောင်း သိရသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)